စာရေးသူ

အားလုံးမြင်နိုင်ရန်
Cindy Hess Kasper

စင်ဒီဟက်စ်ကက်စ်ပါ

စင်ဒီဟက်စ်ကက်စ်ပါ (Cindy Hess Kasper) သည် Our Daily Bread Ministries ၌ နှစ်ပေါင်း ၄၀ ထက်မက အစေခံခဲ့သည်။ ၎င်းတို့အနက် အနှစ် (၃၀) က Our Daily Journey ၏ စီနီယာ အကြောင်းအရာစာတည်း အဖြစ် လုပ်ဆောင်ခဲ့သည်။ ထိုနှစ်များအတွင်းတွင် သူမသည် လူငယ်များအတွက် ဝတ်ပြုကိုးကွယ်ခြင်း စာမူများကို (၁၀) နှစ်ကျော်ကြာသည်အထိ ရေးသားခဲ့သည်။ ထို့နောက် Our Daily Bread စာမူများကို ၂၀၀၆ ခုနှစ်မှ စတင်၍ ရေးသားပေးခဲ့သည်။ သူမ၏ ဖခင်၊ အနှစ်သက်ဆုံး ညွှန်ပြသူဆရာ နှင့် ခွန်အားပေးသူ ဖြစ်သည့် နှစ်ရှည်ဆက်ကပ်နေသည့် စီနီယာ ဆရာကြီး ခလဲ ဟက်စ် (Clair Hess) ကြောင့် သူမသည် စာပေရေးသားခြင်းအတွက် စိတ်ထက်သန်လာခဲ့သည်။ ဆရာမသည် ၂၀၁၈ ခုနှစ်တွင် အငြိမ်းစားယူသွားခဲ့ပြီ ဖြစ်သော်လည်း ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာမူများကို ဆက်လက်ရေးသားပေးနေသည်။ ဆရာမနှင့် ခင်ပွန်းဖြစ်သူ ဆရာ တွမ် တို့၌ ကလေး (၃)ဦးနှင့် ချစ်စရာကောင်းပြီး သာယာကြည်နူးစေသည့် အရူးလေးများဖြစ်သည့် (ဆရာမ၏စကားအရ) မြေးများစွာ ရှိသည်။

စာမူ/ အကြောင်းအရာ များ စင်ဒီဟက်စ်ကက်စ်ပါ

သင်၌ ရည်ရွယ်ချက် ရှိသည်

အနောက် တက္ကဆက်ပြည်နယ်၊ ပူပြင်းသော နေ့တစ်နေ့တွင် ကျွန်မတူမ ဗယ်နီးယား သည် ကားမောင်းလာရင်း မီးပွိုင့်၌ ဆိုင်းဘုတ်တစ်ခုကိုင်ပြီး ရပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့မိသည်။ သူမနှင့်နီးလာစဉ်  ‘‘ဆိုင်းဘုတ်မှာ ဘာရေးထားပါလိမ့်။ အစာ (သို့) ပိုက်ဆံ
တောင်းတာပဲဖြစ်မယ်’’ ဟု ထင်မိသည်။ သို့သော် ‘‘သင်၌ ရည်ရွယ်ချက်ရှိသည်’’ ဆိုသည့်
စာသားလေးကြောင့် အံ့အားသင့်သွားသည်။ ဘုရားရှင်သည် ကျွန်မတို့ တစ်ယောက်စီတိုင်းကို သူ့ရည်ရွယ်ချက်နှင့်သူ ဖန်ဆင်းခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ ဘုရား၏ဘုန်းတော် ထင်ရှားစေရန် အတွက်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် အခြားသူ တို့၏လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်သည်
(၁ ပေ ၄း၁၀-၁၁)။
ကလေးအမေတစ်ဦး၏ ရည်ရွယ်ချက်မှာ နှာရည် တစ်ရွဲရွဲနှင့် ကလေးငယ်အား နှပ်ညှစ်ပေးရင်း သခင်ယေရှု အကြောင်းပြောရန်ဖြစ်မည်။ စိတ်ကျေနပ်မှုမရှိသော အလုပ် ကို လုပ်ကိုင်နေရသည့် ၀န်ထမ်းတစ်ဦး၏ ရည်ရွယ်ချက်က သူလုပ်နေသောအလုပ်ကို…

အသစ်ပြန်စပါ

ကျွန်မအရွယ်ရောက်လာချိန်တွင် ကျွန်မအနှစ်သက်ဆုံး စာအုပ်တစ်အုပ်မှာ Lucy Maud Montgomery ရေးသားသော Anne of Green Gables စာအုပ်ဖြစ်သည်။ ရယ်စရာကောင်းသော စာပိုဒ်တစ်ပိုဒ်မှာ မိန်းမငယ်လေး အဲန်း သည်  ကိတ်မုန့်ပြုလုပ် နေစဉ် ကိတ်မုန့်ထဲသို့ ဗယ်နီလာ အနှစ်ထည့်ရမည့်အစား အသားအရေလိမ်းဆေး ခရင်မ်ကို မတော်တဆ မှားထည့်မိလိုက်သည်။ သည့်နောက် တွင် သူမကို စောင့်ရှောက်သူ မျက်နှာထားတင်းတင်းနှင့် မာရီလာ အား “မနက်ဖြန်ဆိုတာက အမှားအယွင်းတွေ ဘာမှမရှိတဲ့ နေ့သစ်တစ်ရက်ပါလို့ တွေးထားရင် မကောင်း ဘူးလား” ဟုမျှော်လင့်ချက်ဖြင့် တအံ့တသြ ဆိုလိုက်သည်။
မနက်ဖြန်သည် နေ့သစ်တစ်နေ့ - အသစ်ပြန်လည် အစပြုနိုင်သည့်နေ့သစ် ဟူသော အတွေးကို ကျွန်မ သဘောကျ
မိသည်။ ကျွန်မတို့အားလုံး အမှားလုပ်မိသည်။ သို့သော် အပြစ်ပြုမိပြီဆိုလျှင် သန့်ရှင်းခြင်းဖြင့် မနက်တိုင်းကို ပြန်လည်…

မိမိကိုယ်ကို ဂရုစိုက်ခြင်း

ကျွန်မ၏ခင်ပွန်း နှလုံးခွဲစိတ်ကုသပြီးနောက် သူ့ခုတင်နားတွင် စိုးတထိတ်ထိတ်နှင့် တစ်ညလုံး ရှိနေခဲ့သည်။ မနက်ရောက်သော် ဆံပင်ညှပ်ရန် ချိန်းထားသည်ကို သတိရ လိုက်သည်။ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များကို လက်ချောင်းများနှင့် သပ်တင်လိုက်ပြီး "ဆံပင်ညှပ်ဖို့ ချိန်းထားတာ ဖျက်လိုက်တော့မယ်" ဟုပြောလိုက်သည်။
သမီးက "မေမေ မျက်နှာသစ်ပြီးတော့ ချိန်းထား တာကို သွားလိုက်ပါ" ဟုပြောသည်။ "မဖြစ်ဘူး။ ဒါ အရေးမကြီးဘူး။ အမေ ဒီမှာရှိဖို့ လိုတယ်" ဟု ကျွန်မ ငြင်း လိုက်သည်။ သမီးဖြစ်သူရိုစီက "သမီးရှိနေပေးပါ့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ မေမေ . . . ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ အမေ့ကိုယ်အမေ ဂရုစိုက်မှပဲ အဖေ့ကိုပိုပြီး ဂရုစိုက်နိုင်မှာ" ဟု ပြောသည်။
ဣသရေလ လူမျိုးတော်အား တရားဆုံးဖြတ် စီရင်ခြင်းအမှုကို တစ်ဦးတည်းတာဝန်ယူလုပ်ဆောင်ရင်း မောရှေခမျာ လုံးပါးပါးလာ သည်။…

ဝှက်ထားသော ဘဏ္ဍာ

ကျွန်မခင်ပွန်းနှင့် ကျွန်မ စာဖတ်ပုံ မတူပါ။ ခင်ပွန်းသည် တွမ်အတွက် အင်္ဂလိပ်စာသည် ဒုတိယဘာသာစကားဖြစ်သောကြောင့် သူက ဖြည်းဖြည်းနှင့် တစ်လုံးချင်းဖတ်လိုသည့် သဘောရှိသည်။ ကျွန်မကမူ အမြန်ကျော်ဖတ်တတ်သည်။ သို့သော် တွမ်က ကျွန်မထက် ပိုမှတ်မိသည်။ ရက်သတ္တတစ်ပတ်အကြာက သူဖတ်ခဲ့သောအကြောင်းအရာကို ပြန်လည် ကိုးကား ပြောဆိုနိုင်သည်။ ကျွန်မကတော့ စာအုပ်ပိတ်လိုက် သည်နှင့် ဖတ်ခဲ့သမျှ အငွေ့ပမာ ပျောက်ကွယ်ကုန်သည်။
ဆွေစဉ်မျိုးဆက် စာရင်းသာမက ကျမ်းစာကို အမြန်ဖတ်ရှုခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်သည်။ ကလေးဘ၀ကစ ကြားဖူးသိဖူးပြီးသား အကြောင်းအရာနှင့် ဆာလံကျမ်းဆိုလျှင် အမြန်ကျော်ဖတ်ရန် သွေးဆောင်ခြင်း ခံရသည်။
သုတ္တံကျမ်း အခန်းကြီး ၂ တွင် စေတနာစိတ်နှင့် ဉာဏ်ပညာကို ရှာဖွေခြင်းဖြင့် ဘုရားသခင်အား တိုး၍ သိကျွမ်းအောင် အားထုတ်ရန် တိုက်တွန်းအားပေးသည်။ သမ္မာကျမ်းစာကို သေချာစွာ ဖတ်ရှုခြင်း၊ ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်မတို့ သမ္မာတရားကို…

ဘဏ်ထဲမှာ ဘာရှိလဲ

၂၀၀၉ ခုနှစ် ဆောင်းရာသီ၌ ခရီးသည်တင်လေယာဉ်ပျံကြီးတစ်စင်းသည် နယူးယော့မြို့
ဟတ်ဒ်ဆင်မြစ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ မရဘဲ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။  လေယာဉ်မှူး  ကပ္ပတိန်  ချက်စလီ စူးလန်းဘာဂါ
အား သူတွေ့ကြုံခဲ့ရသည့် သေရေးရှင်ရေး ဆုံးဖြတ်ချက်ချရတော့မည့်အချိန်၊ ဝေဟင်
ပေါ်တွင် ရှိနေသည့် အခိုက်အတန့်အကြောင်းကို နောက်ပိုင်းတွင် မေးမြန်းခဲ့သည်။ “တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် အတွေ့အကြုံ၊ ပညာ၊ လေ့ကျင့်မှုဆိုတဲ့ ဘဏ်ထဲမှာ ပုံမှန်နည်းနည်းချင်း စုဆောင်းခဲ့တာ ၄၂ နှစ်
လောက် ရှိပြီပေါ့။ ဒါကြောင့် အဲဒီနေ့မှာ အဲဒါတွေကို ထုတ်သုံးဖို့ ပမာဏအလုံအလောက်ရှိနေပြီး ပမာဏ ကြီးကြီးမားမား
ထုတ်ယူလိုက်နိုင်တာပေါ့” ဟု သူပြောခဲ့သည်
ကျွန်ုပ်တို့အများစုသည် တစ်ချိန်မဟုတ် တစ်ချိန် အကြပ်အတည်းနှင့် ကြုံဆုံရမည်။ အလုပ်အကိုင်စာချုပ် ပြည့်သွားခြင်း၊ ဆေးစစ်ချက် အဖြေထွက်လာခြင်း၊ အဖိုးတန် မိသားစု၊…

ပညာရှိတို့၏စကား

မကြာမီက ကျွန်ုပ်တူမ၏ခင်ပွန်းသည်က လူမှုမီဒီယာမှတစ်ဆင့် အောက်ပါ စာသား များကို ရေးသားခဲ့သည်။ ‘‘ကျွန်ုပ်ကို တားမြစ်သော အသံငယ်လေးကြောင့်သာ မဟုတ်ခဲ့လျှင် အွန်လိုင်းပေါ်၌ ကျွန်ုပ် စကားများစွာကို ပြောမိခဲ့လိမ့်မည်။ ယေရှု၏ နောက်တော်လိုက်တစ်ဦးအနေဖြင့် ဤအသံလေးကို သန့်ရှင်းသော ၀ိညာဉ်တော်၏ အသံဟု သင် ထင်ကောင်း ထင်မည်။ ထိုသို့ မဟုတ်ပါ။ ကျွန်ုပ်၏ ဇနီးသည် ဟဲဒီ (Heidi)၏အသံပင် ဖြစ်ပါသည်’’။
အပြုံးနှင့်အတူ လေးနက်သော အတွေးကို ကျွန်မ တွေးဖြစ်သည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် ကောင်းမွန်စွာ စီရင်ဝေဖန်တတ်သော မိတ်ဆွေကောင်းတို့၏ သတိပေးချက်သည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ထင်ဟပ်စေပါသည်။ ဒေသနာကျမ်း ၉ ၌ ဆိုထားသည်မှာ ‘‘... ငြိမ်ဝပ်ရာ၌ ပညာရှိပြောသောစကားကို သာ၍ နားထောင်တတ်ကြ၏’’ (း၁၇)။
ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အား ကိုယ်ဉာဏ်ကို အမှီပြု၍ ၀ါကြွားခြင်း…

ချစ်ခြင်းမေတ္တာ အရင်လာသည်

တစ်ခုသောညနေခင်းတွင် ကျွန်မသူငယ်ချင်းက သူမ၏ဧည်ခန်းနံရံကို အလှဆင်မည့် အလှဆင် သတ္တုပြားသုံးပြားကို ပြသည်။ ချစ်ခြင်းမေတ္တာ ဟု ရေးထားသည့် သတ္တုပြားကို ပြရင်း ‘‘ဒီမှာ တွေ့လား၊ ငါ့မှာ ချစ်ခြင်းမေတ္တာ ရှိပြီးသား’’ ‘‘ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းကတော့ မှာထားတုန်းပဲ’ ဟု ပြောသည်။
သို့နှင့် ကျွန်မက ‘‘ချစ်ခြင်းမေတ္တာ အရင်လာတယ်၊ ပြီးမှ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း လာမယ်’’ဟု တွေးမိသည်။ အမှန်စင်စစ် ချစ်ခြင်းမေတ္တာ အရင်လာပါသည်။ ၎င်းသည် ဘုရားသခင်နှင့်အတူ အရင်းခံ အစပြုခဲ့သည်။ ၁ ယော ၄း၁၉ တွင် ‘‘ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ ချစ်သော ကြောင့် ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏’’ ဟူ၍ သတိပေး ထားသည်။ ဘုရား၏မေတ္တာကို (မေတ္တာဘွဲ့ဟု သိကြသည့်) ၁ ကော ၁၃ တွင်လည်း…

ကျွန်ုပ်ကို ဆွဲကိုင်မစမူပါ

ကျွန်မ၏မိဘများနှင့်အတူ မိသားစုလိုက် ခရီးမထွက်ဖြစ်တော့သည့် နောက်ပိုင်းတွင် ကျွန်မနှင့် မိုင်ရာပေါင်းများစွာဝေးသည့်နေရာ၌ နေထိုင်သူ အဘိုး အဘွားများရှိရာသို့ မရောက်သလောက်ဖြစ်သွားခဲ့သည်။ သို့နှင့် တစ်နှစ်တွင် ၀စ်ကွန်စင် ရှိ လန်းဒ် အို လိပ်ခ် မြို့လေးရှိ အဘိုးအဘွား များထံသို့ ရက်ရှည် သွားရောက် လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။ အပြန်ခရီးတွင် အဘွားက လေဆိပ်သို့ လိုက်ပို့သည်။ သူက လေယာဉ်တစ်ခါမှ မစီးဖူးသဖြင့် သူ၏စိုးရိမ်စိတ်ကို ကျွန်မအား စတင်ပြောပြသည်။ ‘‘မြေးစီးသွားမယ့် လေယာဉ်က သေးသေးလေးပဲ။ … လေထဲမှာ မြေးကို ကိုင်ဆွဲထားတဲ့အရာ ဘာတစ်ခုမှ မရှိဘူး မဟုတ်လား… အဲဒီလောက် အမြင့်ကို သွားဖို့တော့ ဘွားက သိပ်ကြောက်တာပဲ” ဟု ပြောခဲ့သည်။
တကယ်တမ်း ကျွန်မ လေယာဉ်ပေါ် ရောက်ချိန်တွင် ပထမဆုံးအကြိမ် လေယာဉ်စီးရသကဲ့သို့ ကြောက်နေမိသည်။ ‘‘ဒီလေယာဉ်ကို ဘယ်အရာက…

တီဗွီပိတ်လိုက်ပါ

ကျွန်မတို့ကလေးများ ငယ်စဉ်က ၀င်ကွန်စင်မြောက်ပိုင်းဒေသရှိ ကျွန်မ၏အဘိုး
အဘွားများထံသို့ ကလေးများကိုခေါ်ကာ ခရီးထွက် သွားရောက်လည်ပတ်ခဲ့သည်။
ထိုဒေသ၌ ရုပ်မြင်သံကြားလိုင်း မကောင်းပါ။ ထို့ပြင် ရုပ်မြင်သံကြားက ၎င်းတို့အတွက်
ဦးစားပေး အရာလည်း မဟုတ်ပါ။ ကျွန်မသား စကော့က
ရုပ်သံလိုင်းများကို ခေတ္တမျှ ကလိပြီး စိတ်ညစ်ညစ်နှင့် မေးခွန်း
တစ်ခု မေးသည်။ “ရုပ်သံလိုင်းက တစ်လိုင်းပဲရှိပြီး၊ အဲဒီလိုင်းမှာ
လာတဲ့အစီအစဉ်ကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ”
“ပိတ်လိုက်ပေါ့ သားရယ်”ဟု ကျွန်မအပြုံးနဲ့ဖြေလိုက်သည်။
ထိုအဖြေက သူလိုချင်သော အဖြေ မဟုတ်ပါ။ ယခုခေတ်တွင်
အထူးသဖြင့် ကျွန်မတို့ကို အာရုံလွဲစေသည့် ဖျော်ဖြေရေးနှင့်
သတင်း တင်ဆက်မှုများစွာ ရှိသဖြင့် တီဗွီပိတ်လိုက်ရန် ပို၍
ခဲယဉ်းနေပါသည်။
တစ်ခါတစ်ရံတွင် အရာအားလုံးကို ပိတ်လိုက်ပြီး
စိတ်ကို ခေတ္တမျှ အနားပေးရန်လိုသည်။ ရိုးရိုးလေး ပလပ်ဖြုတ်လိုက်ရန်သာဖြစ်သည်။
သခင်ယေရှု သည်လည်း…

ခဲတံတိုက်ပွဲ

ငယ်စဉ်က စာစရေးစဉ် ကျွန်မ၏ပထမတန်းဆရာမက ခဲတံကို စနစ်တကျကိုင်ရန်
အမြဲပြောသည်။ ဆရာမကြည့်နေသည့်အချိန်၌ သူကိုင်စေချင်သည့် အတိုင်း ကိုင်သည်။
သို့သော် ဆရာမတစ်ဖက်လှည့်သွားသည်နှင့် ကျွန်မက ခေါင်းမာမာဖြင့် ကျွန်မအတွက်
ပိုသက်သောင့်သက်သာ ဖြစ်သည့်နည်းကို ပြန်ပြောင်းကိုင်လိုက်သည်။
ဤစိတ်ဓာတ်တိုက်ပွဲတွင် ကျွန်မကိုယ်ကျွန်မ
တိတ်တဆိတ် အောင်နိုင်သူ အဖြစ်ထင်ခဲ့သည်။ ကျွန်မ၏
သဘောအတိုင်းသာ ခဲတံကို ဆက်ကိုင်ခဲ့သည်။ ကျွန်မ၏
ခေါင်းမာသောအကျင့်ကြောင့် စာရေးလေ့ကျင့်ရာ၌ ဆိုးဝါး
စေပြီး နောက်ဆုံးတွင် ခဏလေးနှင့် လက်ညောင်းသည်။
၎င်းကို အမြော်အမြင်ရှိသည့် ဆရာမက သိနေခဲ့ကြောင်း
ဆယ်စုနှစ်ကျော်ပြီးနောက်မှ ကျွန်မ သဘောပေါက်ခဲ့သည်။
ကလေးများအနေဖြင့် သူတို့အတွက် ဘယ်အရာက
ကောင်းသည်ကို သိနားလည်ခြင်းမရှိပါ။ သူတို့ဖြစ်ချင်သည့်
အတိုင်း သူတို့လုပ်တတ်ကြသည်။ စင်စစ် ဣသရေလအမျိုး
သည် တစ်ဆူတည်း စစ်မှန်သောဘုရားထက် ၎င်းတို့
ဝန်းကျင်ရှိ တစ်ပါးအမျိုးသားများ၏ ဘုရား များကို…